ဂြိုဟ်များအကြောင်း
ကျနော်တို့ လူသားတွေ ဉာဏ်ရည် မြင့်မား လာမှုနဲ့ အတူ မိမိ ကမ္ဘာပေါ်တင် မဟုတ်ပဲ အခြား ဂြိုဟ်တွေရဲ့ အကြောင်း ကိုပါ လေ့လာ နေခဲ့တာ ရာစုနှစ် ကာလ ထိအောင် ရောက်ရှိ လာခဲ့ပြီ ဖြစ်သလို အဆိုပါ လေ့လာ ရှာဖွေ ကတည်းက အခုချိန်ထိ အောင် တွေ့ရှိခဲ့တဲ့ ပတ်ဝန်းကျင် ဂြိုဟ်တွေထဲက အဆိုးဆုံး ဂြိုဟ်တွေ အကြောင်းကို ပြောပြ ချင်ပါတယ်။
အပူဆုံးဂြိုဟ်
နေမဟုတ်တဲ့ အပူဆုံး ဂြိုဟ်ကတော့ မာကျူရီပါ။ သူကနေနဲ့ အနီးဆုံးမှာ တည်ရှိပြီး နေကနေ အကွာအဝေး ကီလိုမီတာ ၅.၇၉ သန်းပဲ ဝေးပါတယ်။ ဒါကြောင့် မာကျူရီ ဂြိုဟ်ရဲ့ မျက်နှာပြင် အပူချိန်က ၄၃၀ ဒီဂရီ စင်တီဂရိတ် ထိအောင် ပူပါတယ်။ နေကတော့ မျက်နှာပြင် အပူချိန် ၅၅၀၀ ဒီဂရီစင်တီ ဂရိတ် ထိအောင် ရှိတာပါ။
ဒါက ပတ်ဝန်းကျင် ဂြိုဟ်တွေ ထဲက အပူဆုံး ဂြိုဟ်ကို ပြောတာပါ။ ကြယ်တွေ ထဲမှာတော့ HD 195689 ဆိုတဲ့ KELT-9 အဖြစ် လူသိများတဲ့ ကြယ်ကတော့ နေထက် ၂.၅ ဆလောက် ပိုပူပါတယ်။
အအေးဆုံးဂြိုဟ်
အပူဆုံး အနေ အထားမှာ ၅၀ ဒီဂရီ စင်တီ ဂရိတ်ပဲ ရှိပြီး အအေးဆုံး အနေ အထားမှာ ၂၂၃ ဒီဂရီ ထိအောင် အေးတဲ့ ဂြိုဟ်က OGLE- 2005-BLG-390Lb ဂြိုဟ် ဖြစ်ပါတယ်။ သူက ကမ္ဘာထက် ကျောက်သားထု ဖွဲ့စည်းမှု ၅.၅ဆ ပိုပါတယ်။ မားစ် ဂြိုဟ်နဲ့ ဂျူပီတာ အကြားမှာ ရှိပါတယ်။ Red Dwarf အဖြစ် လူသိများ ပါတယ်။
ဓာတ်ငွေ့တွေ ရှိနိုင်တယ်လို့ ယူဆ ရပေမယ့် အေးနေ တာကြောင့် အစိုင်အခဲ အဖြစ် ရှိနေဖို့ များတယ်လို့ ခန့်မှန်းနေ ကြပါတယ်။
အကြီးဆုံးဂြိုဟ်
ကြယ်လို့ သတ်မှတ်ရမယ့် သူဟာ သူလောင်ကျွမ်းနေတဲ့ နေလိုဂြိုဟ်တွေ ရှိပါတယ်။ သူတို့ဟာ ပုံမှန် အခြားဂြိုဟ်တွေထက် အရွယ်အစား ကြီးမားကြပါတယ်။
တွေ့ရှိရသမျှ ထဲမှာ DENIS-P J082303.1-491201 b ဆိုတဲ့ ကြယ်ဂြိုဟ်ဟာ ဂျူပီတာ ဂြိုဟ်ထက် ၂၈.၅ လ လောက် ပိုမို ကြီးမားပြီး ရှာဖွေ တွေ့ရှိ သမျှ ဂြိုဟ်တွေ ထဲမှာ အကြီးဆုံးလို့ သတ်မှတ် နိုင်ပါတယ်။ သူ့ကို Brown Dwraf အဖြစ်လည်း လူသိများ ပါတယ်။
အသေးဆုံးဂြိုဟ်
ကျနော်တို့ ကမ္ဘာရဲ့ အရန်ဂြိုဟ် ထက်တော့ နည်းနည်း ကြီးပါတယ်၊ ဒါပေမယ့် အရန်ဂြိုဟ် မဟုတ်ဘဲ ဂြိုဟ်အဖြစ် တည်ရှိ နေတဲ့ မာကျူရီထက် အနည်းငယ် သေးတဲ့ Kepler-37b လို့ သတ်မှတ် ထားတဲ့ ဂြိုဟ်က အသေးဆုံး ဂြိုဟ်ပါ။ ကျောက်သားတွေနဲ့ ဖွဲ့စည်း ထားတာပါ။ နေနဲ့ အနီးမှာ ရှိပါတယ်။
ဒါကြောင့် ကျောက် သားတွေဟာ အရည်ပျော် လာနိုင်သလို နောက်ပိုင်းမှာ သက် ရှိတွေ ဖြစ်ထွန်း လာနိုင်တယ်လို့ ခန့်မှန်းနေ ကြပါတယ်။
သက်တမ်း အရင့်ဆုံးဂြိုဟ်
PSR B1620-26b ဂြိုဟ်ဟာ နှစ်ပေါင်း ၁၂.၇ ဘီလီယံ သက်တမ်း ရှိနေပြီလို့ ယူဆရ ပါတယ်။ ဒါကြောင့် သူကို သက်တမ်း အရင့်ဆုံးဂြိုဟ် အဖြစ် သတ်မှတ် ထားပါတယ်။
ဂျူပီတာဂြိုဟ်ထက် ၂.၅ဆ ပိုပြီး ကြီးပါတယ်။
ကျနော်တို့ နေအဖွဲ့ အစည်း ဟာသက်တမ်း ၁၃.၈ ဘီလီယံနှစ်ပဲ ရှိသေးလို့ အခုဂြိုဟ်ဟာ ရှေးဦးဆုံး ဖြစ်ထွန်း တည်ရှိနေတဲ့ ဂြိုဟ်တစင်းလို့ ဆိုရမှာပါ။
ဒီဂြိုဟ်မှာ သူ့ကို ဗဟိုပြု လည်ပတ်နေသေးတဲ့ နေအသေးစား ၂စင်းလည်း ရှိပါသေးတယ်။ အခုသက်တမ်း အရင့်ဆုံး ဂြိုဟ်ကို White Dwraf အဖြစ် လူသိများ ပါတယ်။
သက်တမ်းအနုဆုံးဂြိုဟ်
V830 Tauri လို့ အမည်ပေး ထားတဲ့ ဂြိုဟ်က သက်တမ်း နှစ် ၂သန်းပဲ ရှိပါသေးတယ်။ အရွယ်ကတော့ နေနဲ့ ရွယ်တူပါ။ အခုချိန် ထိအောင် သူ့ရဲ့ ပုံစံကို ရေးဆွဲဖို့ ကြိုးစား နေဆဲပါ။ ဂျူပီတာထက် ဓာတ်ငွေ့ တည်ရှိနိုင်မှုနှုန်း ၃ ချိုး ၁ ချိုးလောက်ပဲ ရှိပါတယ်။
သက်ရှိတွေ ရှိနေနိုင်တယ်လို့လည်း ယူဆနေ ကြပါတယ်။ ဒါပေမယ့် အချိန်ကြာ ရှင်သန်နိုင်ဖို့ မလွယ်ကူဘူးလို့ ဆိုပါတယ်။ ဒါက ဂြိုဟ်ရဲ့မျက်နှာပြင် အခြေ အနေနဲ့ ရာသီဥတုကြောင့် ဖြစ်နိုင်ပါတယ်။
ရာသီဥတု အဆိုးဆုံးဂြိုဟ်
ဗီးနပ်လို့ ပြောရ ပါလိမ့်မယ်။ ဂြိုဟ်ရဲ့မျက်နှာပြင်မှာ လေထု ရှိပါတယ်။ ဒါပေမယ့် လေတိုက်နှုန်းက ဂြိုဟ်ရဲ့လည်ပတ်နှုန်း ထက် မြန်နေပါတယ်။ ဟာရီကိန်း မုန်တိုင်းတွေ အမြဲ တိုက်ခတ်နေပြီး တနာရီ ၃၆၀ ကီလိုမီတာ အမြန်နှုန်းနဲ့ တိုက်နေတာပါ။ ကမ္ဘာနဲ့ ရွယ်တူလောက်ပဲ ရှိပါတယ်။
လေထုက ကမ္ဘာ့လေထုထက် အဆ ၁၀၀ လောက် ပိုသိပ်သည်းပါတယ်။ ၉၅ ရာခိုင်နှုန်းလောက် ထိအောင် ကာဗွန်ဒိုင် အောက်ဆိုဒ်တွေ ပါရှိနေပါတယ်။
တခါတလေမှာ မာကျူရီထက် ပိုပူပြီး အပူချိန် ၄၆၂ ဒီဂရီ စင်တီဂရိတ်လောက်ထိအောင် မြင့်တက် နိုင်ပါတယ်။ လူသာ ရောက်သွားမယ်ဆိုရင် လေထုနဲ့ မုန်တိုင်းတွေကြောင့် အရိုးတွေတောင် ချက်ချင်း ခန်းခြောက် သွားပါ လိမ့်မယ်။
Ref: www.businessinsider.com
Post a Comment