သမိုင်းထဲက ငလျှင်
သာသနာသက္ကရာဇ်(၁၀၁)နှစ်၊ခရစ်မပေါ်မီ ဘီစီ ၄၄၃ ခုနှစ်မှာ ဒွတ္တဘောင်မင်းလက်ထက်လှုပ်ခဲ့တဲ့ ငလျင်။
သာသနာသက္ကရာဇ် ၆၀၉ ခုနှစ် ခရစ်နှစ် ၆၅ မှာ သာသီမင်းလက်ထက် လှုပ်ခဲ့တဲ့ငလျင်။မြကြေီး အစိတ်စိတ်အမွှာမွှာကွဲ ရေထွက်။
သာသနာသက္ကရာဇ် ၈၆၈ ခုနှစ် ခရစ်နှစ် ၃၂၄ မှာ ပုဂံခေတ် ယဉ်မင်းပိုက်လက်ထက် ခုနှစ်ရက် ဆက်တိုက် လှုပ်ခဲ့တဲ့ ငလျင်။
သာသနာသက္ကရာဇ် ၁၄၁၉ ခုနှစ် ခရစ်နှစ် ၈၇၅ မှာ ပဲခူးဟံသာဝတီမင်းဆက် မဟိံသရာဇာမင်းလက်ထက် လှုပ်ခဲ့တဲ့ငလျင်။
မြန်မာနိုင်ငံသည် အယ်လပိုက်ငလျှင် ရပ်ဝန်းထဲ၌ ကျရောက်သည်။ အယ်လပိုက်ရပ်ဝန်းဆိုသည်မှာ အယ်လပိုက် ဟိမဝန္တာတောင်တန်းကြီးများ ဖြစ်ထွန်းရာအရပ်ကို ဆိုလို
သည်။ လွန်ခဲ့သော နှစ်ပေါင်း သန်း ၂၀ ကတည်းက ဖြစ်ထွန်းနေခဲ့ရာ ဖြစ်ပေါ်နေစဉ် မြေကြီးတွန့်ခေါက်ပြတ်ရွေ့ခြင်းများ အကြီးအကျယ်ဖြစ်ပွားလေ့ရှိသည်။ ဖြစ်စဉ်မှာ
ယနေ့ထိတိုင် ဆုံးခန်းမတိုင်သေးသဖြင့် ငလျှင်များမကြာခဏလှုပ်လေ့ရှိသည်။ မြန်မာနိုင်ငံသည် ထိုဖြစ်ရပ်ဝန်းထဲတွင် ကျရောက်နေခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် မှတ်တမ်းများအရ ၁၇၆၂ခုနှစ်မှ စတင်ကာ ငလျှင်များ အကြိမ် ၄၀ဝ ကျော်လှုပ်ခဲ့သည်။ ထိုမတိုင်ခင် ရှေးခေတ်ဘုရင်များလက်ထက်ကတည်းက ငလျှင်
ကြီးများလည်း လှုပ်ခဲ့သေးသည်။ ဖော်ပြရသော်-
သာသနာသက္ကရာဇ်(၁၀၁)နှစ်၊ခရစ်မပေါ်မီ ဘီစီ ၄၄၃ ခုနှစ်မှာ ဒွတ္တဘောင်မင်းလက်ထက်လှုပ်ခဲ့တဲ့ ငလျင်။
သာသနာသက္ကရာဇ် ၆၀၉ ခုနှစ် ခရစ်နှစ် ၆၅ မှာ သာသီမင်းလက်ထက် လှုပ်ခဲ့တဲ့ငလျင်။မြကြေီး အစိတ်စိတ်အမွှာမွှာကွဲ ရေထွက်။
သာသနာသက္ကရာဇ် ၈၆၈ ခုနှစ် ခရစ်နှစ် ၃၂၄ မှာ ပုဂံခေတ် ယဉ်မင်းပိုက်လက်ထက် ခုနှစ်ရက် ဆက်တိုက် လှုပ်ခဲ့တဲ့ ငလျင်။
သာသနာသက္ကရာဇ် ၁၄၁၉ ခုနှစ် ခရစ်နှစ် ၈၇၅ မှာ ပဲခူးဟံသာဝတီမင်းဆက် မဟိံသရာဇာမင်းလက်ထက် လှုပ်ခဲ့တဲ့ငလျင်။
သာသနာသက္ကရာဇ် ၁၅၃၀ ခရစ်နှစ် ၉၈၆ မှာ ကွမ်းဆော်မင်း လက်ထက် ခုနှစ်ရက်ဆက်လှုပ်ခဲ့တဲ့ငလျင်။ ဧရာဝတီမြစ်ရေ စီးရာမှ ရပ်တန့်။
သာသနာသက္ကရာဇ် ၁၈၃၀ ခရစ်နှစ် ၁၂၈၆မှာ ပုဂံနရသီဟပတေ့လက်ထက် လှုပ်ခဲ့တဲ့ ငလျင်။
သာသနာသက္ကရာဇ် ၁၈၄၂ ခရစ်နှစ် ၁၂၉၀ မှာ ပုဂံကျော်စွာမင်းလက်ထက် လှုပ်ခဲ့တဲ့ငလျင်။
သာသနာသက္ကရာဇ် ၁၉၉၃ ခရစ်နှစ် ၁၄၂၉မှာ မိုးညင်းမင်းတရားလက်ထက် လှုပ်ခဲ့တဲ့ငလျင်။
သာသနာသက္ကရာဇ် ၂၀၁၁၊ကောဇာသက္ကရာဇ် ၈၂၇ ခရစ်နှစ် ၁၄၆၉ မှာ အင်းဝဘုရင် နရပတိ လက်ထက် လှုပ်ခဲ့တဲ့ငလျင်။
ကောဇာသက္ကရာဇ် ၉၄၇ ခရစ်နှစ် ၁၄၈၅ မှာ အင်းဝဒုတိယမင်းခေါင်လက်ထက် လှုပ်ခဲ့တဲ့ငလျင်။ စစ်ကိုင်းရတနာစေတီ ဆင်များရှင်ဘုရားနှင့် ကန္နားတော်ဘုရား ပြိုကျပျက်စီး။
ကောဇာသက္ကရာဇ် ၈၉၃ ခရစ်နှစ် ၁၆၃၁ မှာ ဒုတိယမြောက်ဦးမြို့တည် မင်းပါကြီး လက်ထက် လှုပ်ခဲ့တဲ့ ငလျင်။ခုနှစ်ရက်လုံးလုံး မိုးမှောင်ကျ။
ကောဇာသက္ကရာဇ် ၉၅၀ ခရစ်နှစ် ၁၅၈၈ ခုနှစ် မှာ နန္နဘုရင်လက်ထက် လှုပ်ခဲ့တဲ့ငလျင်။တောင်ငူမြို့ ဆံတော်ရှင်ဘုရား ပြိုကျ—–။ ရေများထွက်—–။ နောက် ၂ နှစ်အကြာ ထပ်လှုပ်—-။ တောင်ငူတွင် ဘုရားများစွာပျက်စီး–။ အင်းဝတွင် ရွှေစည်းခုံ၊ဂူတော်သစ်၊ထီးလှိုင်ရှင်ဘုရားများ ပျက်စီး—-။ စစ်ကိုင်း ပုညရှင်၊ထူပါရုံဘုရားများ ပြိုကျပျက်စီး
ကောဇာသက္ကရာဇ် ၆၅၃ ခရစ်နှစ် ၁၅၉၁ မှာ ဓညဝတီ မင်းဖယောင်း လက်ထက် လှုပ်ခဲ့တဲ့ ငလျင်–။
ခရစ်နှစ် ၁၆၂၀ ခုနှစ် အနောက်ဘက်လွန်မင်းလက်ထက် မှာလှုပ်ခဲ့တဲ့ ငလျင်—။
ခရစ်နှစ် ၁၆၄၄ သာလွန်မင်းလက်ထက်မှာ လှုပ်ခဲ့တဲ့ ငလျင်—။ ပုခန်း၊အမြင့်၊အလယ်ကျွန်းအရပ်မှာ မြေကွဲ ရေများထွက်—။
ခရစ်နှစ် ၁၆၄၆ မှာ ထပ်လှုပ်။
ကောဇာသက္ကရာဇ် ၁၀၂၂ ခရစ်နှစ် ၁၆၆၀ မှာ မင်းရဲနန္တမိတ်လက်ထက် လှုပ်ခဲ့တဲ့ငလျင်—။
ကောဇာသက္ကရာဇ် ၁၀၅၀ ခရစ်နှစ် ၁၆၈၈မှာ ဝမ်းဘဲအင်းစံမင်းလက်ထက် လှုပ်ခဲ့တဲ့ ငလျင်–။ ဘုရား၊ပုထိုးများပျက်စီး–။ မြကြေီးကွဲ ရေများထွက်–။
ကောဇာသက္ကရာဇ် ၁၀၇၆ ခရစ်နှစ် ၁၇၁၄ စနေမင်း လက်ထက် ၁၃ ကြိမ်တိုင်တိုင် လှုပ်ခဲ့တဲ့ ငလျင်–။ မြစ်ရေ အောင်ထွန်းတံခါးနဲ့လေသာတံခါးကဝင်–။
ကောဇာသက္ကရာဇ် ၂၀၇၆ တော်သလင်းလပြည့်ကျော် (၁)ရက် သောကြာနေ့မှာ ဦးအောင်ဇေယျကိုမွေးတဲ့နေ့ မှာ လှုပ်တဲ့ငလျင်—။
ကောဇာသက္ကရာဇ် ၁၁၁၄ ခရစ်နှစ်(၃.၁၂.၁၇၅၂) ရွှေဘိုမြို့မှာ လှုပ်တဲ့ငလျင်–။ အလောင်းမင်းတရားကောင်းမှု ရွှေဂူကြီးဘုရား၊ ချယားသီးတစ်ခြမ်း ပျက်စီး—။
စသည်ဖြင့် အကြိမ်ပေါင်းများစွာ လှုပ်ခဲ့လေသည်။
၁၇၆၂ခုနှစ်မှ ပထမဆုံး မှတ်တမ်းတင်ခံရသည့် ငလျှင်မှာ ၁၇၆၂ ခုနှစ် ဧပြီလ ၂ရက်နေ့ ညနေ ၅ နာရီတွင် လှုပ်သော ရခိုင် ဘင်္ဂလားပင်ပယ် ငလျင် ဖြစ်သည်။
ထိုငလျင်ကြောင့် မကွေးမြသလွန်ဘုရား နှင့် ပုဂံအာနန္ဒာဘုရားအထက်ပိုင်း ပြိုကျခဲ့သည်။
၁၈၃၉ ခုနှစ်တွင် လှုပ်ခဲ့သော အင်းဝငလျှင်သည် မင်းကွန်းစေတီတော်ကြီးကိုလည်ကောင်း ၊ အင်းဝနှင့် အမရပူရ မြို့ရိုးတို့ကိုလည်ကောင်း ၊ အခြား ဘုရားပုထိုးများစွာကိုလည်ကောင်းပျက်စီးစေခဲ့သည်။
မြန်မာနိုင်ငံတွင် ထိုအချိန်က အပြင်းထန်ဆုံးဟု ယူဆခံရသော မေမြို့ငလျင်မှာ ၁၉၁၂ခုနှစ် မေလ ၂၃ ရက်နေ့ နံနက် ၃ နာရီတွင် လှုပ်ခဲ့သည်။ ငလျင်ဗဟိုအချက်အခြာမှာ တောင်ကြီးမြို့ပေါ်ကျရောက်သည်။ ရစ်တာစကေး ၈ အမှတ်အထိ ပြင်းထန်သည်။ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် မန္တလေး ၊ စစ်ကိုင်း ၊ မိုးကုတ်ခရိုင်များ ငလျင်ဒဏ်ကိုခံရသည်။ မိုးကုတ်တစ်မြို့တည်းပင်စေတီပေါင်း ၆၀ကျော် ပြိုကျပျက်စီးသည်။
၁၉၂၇ တွင် ရစ်တာစကေး ရ ရှိသော ငလျင်သည် ရန်ကုန်ဝန်းကျင်တွင်လှုပ်ခဲ့သည်။ မည်၍မည်မျှ ပျက်စီးခဲ့ကြောင်းကိုမူ မသိရပါ။
၁၉၃၀ ပြည့်နှစ် ပဲခူးငလျှင်ကား သမိုင်းတလျှောက် သေကြေပျက်စီးမှုအများဆုံး ငလျင်ပင်ဖြစ်သည်။ ရစ်တာစကေး ၇.၃ ရှိပြီး လူပေါင်း ၅၀ဝ ကျော်သေဆုံးခဲ့ပြီး ရွှေမောဓောဘုရားလည်းပြိုကျပျက်စီးခဲ့သည်။ ရွှေတိဂုံပင်လျှင် စိန်ဖူးတော်မြေခခဲ့ရသည်။ ထိုနှစ် ဒီဇင်ဘာ ၄ ရက်နေ့တွင် ဖြူးမြို့တွင် ငလျင်လှုပ်ခဲ့ရာ လူပေါင်း ၃၀ ကျော် သေခဲ့သည်။ ထိုငလျင်ကို ပဲခူးငလျင်နောက်ဆက်တွဲဟု ဆိုကြသည်။
၁၉၃၁ ခုနှစ် ၂၇ ရက်နေ့က လှုပ်သော ကာမိုင်းငလျင်၏ ဒဏ်ကို မြစ်ကြီးနားခရိုင် ပူတာအို နှင့် ထောဂေါ ၊ ကသာ၊ မိုင်းကွမ် စသည်မြို့များ ခံခဲ့ရသည်။ ဘုရားနှစ်ဆူပြိုသည် ။ ဝါးအိမ်များပြိုသည်။ ပေ ၂၇၀ ရှည်သော အင်းတော်ချောင်းတံတားသည် လေးပေမျှ ရွေ့သွားသည်။
၁၉၅၆ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့တွင် လှုပ်သောစစ်ကိုင်းငလျှင်ကြောင့် စစ်ကိုင်းတောင်ရိုးစေတီများပြိုသည်။ လူအသေအပျောက် အနည်းငယ်ရှိသည်။ ပြင်းအားမှာ ရစ်တာစကေး ၇ ခန့်ရှိသည်။
၁၉၇၅ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့ ညနေ ၆ နာရီ ၃၅ မိနစ်အချိန်တွင် မြန်မာနိုင်ငံအလယ်ပိုင်းကို ဗဟိုပြုကာ ရစ်တာစကေး ၇.၆ ရှိသော အပြင်းထန်ဆုံးသော ငလျင်လှုပ်ခတ်ခဲ့သည်။ အပြင်းထန်ဆုံးခံရသည့်ဒေသများမှာ ကျောက်ပန်းတောင်း ၊ ချောက် ၊ စဥ့်ငူ ၊ ပုဂံ ၊ ညောင်ဦး ၊ ပခုက္ကူ ၊ လမ်းရွာ ၊ ဆင်ဖြူကျွန်းစသည် တို့ဖြစ်သည်။ လူအသေအပျောက်နည်းသော်လည်း အိုးအိမ်တိုက်တာ အဆောက်အဦးများစွာ ပြိုပျက်ခဲ့သည်။ မြန်မာတို့၏ အသည်းနှလုံးဖြစ်သော ပုဂံစေတီပုထိုးများလည်း ၈၀ ရာခိုင်နှုန်းခန့်ပျက်စီးခဲ့ရလေသည်။ အထင်ကရများ ဖြစ်သော သဗ္ဗညူ ၊ ကန်တော့ပလ္လင် ၊ ရွှေဆံတော် ၊ လောကနန္ဒာ ၊ မင်္ဂလာစေတီ ၊ နဂါးရုံ ၊ ရွေစည်းခုံ ၊ မနူဟာ ၊ရွှေဂူကြီး ၊ အာနန္ဒာ စသည့်ဘုရားများအပြင် နယ်မြေတစ်ခုလုံးနီးပါးပျက်စီးခဲ့ရသည်။ အဆိုးဆုံးမှာ ဗူးဘုရားသည် တစ်ဆူလုံး ဧရာဝတီမြစ်ထဲသို့ ပြိုကျခဲ့ခြင်းဖြစ်သည်။
အစိုးရက မတည်ငွေ ၁သိန်း နှင့် ပြည်သူပြည်သားတို့လှူဒါန်းငွေ ၃၅သိန်း ၆သောင်း ဖြင့် ပြည်လည်ပြုပြင်ခဲ့ရသည်။
ငလျင်ငယ်များ မကြာခဏဆိုသလို လာတတ်သော်လည်း ၂၄.၆.၂၀၁၆ တွင်လှုပ်ခတ်ခဲ့သော ပြင်းအား ၆.၈ ထိ ချောက်ငလျင်သည် ပုဂံကို ထပ်မံထိခိုက်ခါ အပျက်အစီးများဖြစ်ပေါ်ခဲ့ရလေသည်။

Post a Comment