အလုပ်မှာ စိတ်ဖိစီးတာကို ဘယ်လိုဖြေဖျောက်မလဲ
အကြောဆန့်ထုတ်ပါ
အလုပ်လုပ်နေရင်း ညောင်းညာနေသလိုခံစားလာရချိန်မှာ လက်တွေကို ဆန့်တန်းထုတ်ပြီး သင့်ခါးနေရာက အကြောတွေကိုပါ ဆန့်ထုတ်လိုက်ပါ။ သင့်နောက်ကျောနဲ့ပခုံးတွေကို အနားရစေပြီး တစ်ဖန်ပြန်လည်လန်းဆန်းလာစေပါလိမ့်
မယ်။
လုပ်ဖော်ကိုင်ဖက်ဖြင့် စကားပြောပါ
သင့်လုပ်ဖော်ကိုင်ဖက်တွေနဲ့ စကားစမြည်ပြောဆိုပေးပါ။ တစ်ချိန်လုံး အလုပ်၊ အလုပ်ဆိုပြီး လုပ်နေမယ်ဆိုရင် လုပ်ငန်းပြီးမြောက်ပေမယ့် သင့်စိတ်ကိုအနားမရဘဲ ဖိစီးမှုဖြစ်စေပါလိမ့်မယ်။ လုပ်ဖော်ကိုင်ဖက်နဲ့ စကားပြောတာကြောင့်
စိတ်ဖိစီးမှုပြေစေတဲ့အပြင် အလုပ်ကိုလည်း ပိုတွင်ကျယ်စေပါတယ်။
သကြားမုန့် အနည်းငယ်စားပါ
လုပ်ငန်းခွင်ထဲမှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ သကြားပါပြီး အရသာရှိတဲ့မုန့်တွေကို အတူတူစားပါ။ သကြားပါဝင်တဲ့မုန့် အနည်းငယ်စားတာကြောင့် သင့်ခန္ဓာကိုယ်တွင်းက ထုံထိုင်းစေတဲ့ဓာတ်ကို လျှော့ချပေးနိုင်ပါတယ်။
တေးသီချင်း နားထောင်ပါ
အလုပ်ခဏလောက်နားချိန် ဒါမှမဟုတ် အလုပ်လုပ်ရင်းဖြစ်စေ သီချင်းသံတွေကို နားဆင်ပေးတာက သင့်အလုပ်ကို ပိုမိုပြီးမြောက်စေတဲ့အပြင် လုပ်ငန်းခွင်ဖိစီးမှုတွေကိုလည်း ပြေပျောက်စေနိုင်ပါတယ်။
ကော်ဖီသောက် နားပါ
အလုပ်လုပ်ရင်းနဲ့ ငြီးငွေ့သလို ခံစားလာရတယ်ဆိုရင် ကော်ဖီသောက်ရင်း ခဏအနားယူလိုက်ပါ။ ကော်ဖီက သင့်ဦးနှောက်ကိုအနားရစေပြီး ပျော်ရွှင်စေတဲ့ခံစားချက်ကို ရရှိစေပါတယ်။
လက်ချောင်းထိပ်ဖြင့်_နှိပ်နယ်ပေးပါ
စိတ်ဖိစီးပြီး မပျော်ရွှင်သလိုခံစားလာရတဲ့အချိန်မှာ သင့်လက်ချောင်းထိပ်တွေနဲ့ နားထင်နေရာကို ၁၀ မိနစ်လောက် ဖိနှိပ်ပေးပါ။ ဖိစီးမှုကြောင့်ဖြစ်တဲ့ ခေါင်းကိုက်တာကို သက်သာစေနိုင်ပါတယ်။
အသက်ရှူပါ
အသက်ရှူသွင်းလိုက်၊ ရှူထုတ်လိုက်ကို ၁၀ မိနစ်လောက် နက်နက်ရှိုင်းရှိုင်းပြုလုပ်ပေးတာကြောင့် ဖိစီးမှုကင်းပြီး ပျော်ရွှင်လာစေပါလိမ့်မယ်။
စာရေးချပါ
စာရွက်တစ်ခုမှာ သင်ဘယ်လိုခံစားနေရတယ်ဆိုတာကို ရေးချပါ။ ပြီးရင် သင် ဖြစ်ချင်တဲ့ ရည်မှန်းချက်ကို ရေးချပါ။ သင်ဘယ်လိုခံစားနေရပြီး၊ ဘာတွေဖြစ်နေတယ်ဆိုတာကိုရေးချပြီး သိမ်းထားလိုက်ပါ။ နောက်တစ်နေ့မှ ပြန်ဖတ်ကြည့် ပါ။
လမ်းလျှောက်ပါ
ငါးမိနစ် ၁၀ မိနစ်လောက် အလုပ်သွားအလုပ်ပြန်ဖြစ်စေ၊ နေ့လယ်ထမင်းစားပြီးချိန်ဖြစ်စေ လမ်းလျှောက်ပေးပါ။ လေကောင်းလေသန့်ရရှိနိုင်တဲ့ နေရာမျိုးမှာ လျှောက်ပေးနိုင်ရင် သင့်အတွက် ပိုကောင်းပါတယ်။

Post a Comment