ဦးနှောက်မှတ်ဉာဏ် ထက်မြတ်စေမယ့် နည်းလမ်း (၅) သွယ်




ဦးနှောက်မှတ်ဉာဏ် ထက်မြတ်စေမယ့် နည်းလမ်း (၅) သွယ်

ဦးနှောက်မှတ်ဉာဏ်က ကျွနု်ပ်တို့နေ့စဉ် နေထိုင်တဲ့ လူမှုဘဝမှာ အရေးပါဆုံး အချက်များထဲမှ တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီဦးနှောက်မှတ်ဉာဏ် ထက်ထက်မြတ်မြတ် ရှိနေဖို့ အရေးကြီးပါတယ်။ မိမိဦးနှောက်မှတ်ဉာဏ်ကို သိမ်းထိန်းပေးပြီး ထက်မြတ်စေဖို့ သတိထားဆောင်ရွက်နိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။

ပြင်းထန်သော ရနံ့

သင်းကြိုင်တဲ့ ရနံ့သစ်တွေ ရှာဖွေပါ။ မနက်အိပ်ရာထတဲ့အခါ ကော်ဖီမှုန့်လို အနံ့အသက်ပြင်းရှတဲ့ အရာတစ်ခုခုကို ရှူရိုက်ပါ။ ရနံ့က လူ့ရဲ့ ထိုးထွင်းသိမြင်နိုင်မှုစွမ်းရည်ကို ကြီးမားစွာ အကျိုးသက်ရောက်မှု ဖြစ်စေကြောင်း သိပ္ပံပညာရှင်များက သုံးသပ်ခဲ့ကြပါတယ်။ အနံ့ခံစားတတ်မှု အားကောင်းလေလေ၊ ဦးနှောက်မှတ်ဉာဏ် ထက်မြတ်လေလေဟု ဆိုပါတယ်။

နေ့စဉ်ပုံမှန် အစားအသောက်

မှတ်ဉာဏ်အားနည်းစေတဲ့ အီလက်ထရွန်တွေ ပျက်ပြယ်စေတာကြောင့် ဘလူးဘယ်ရီ၊ ပန်းသီး၊ ငှက်ပျောသီး၊ အစိမ်းရင့်ရောင့် ဟင်းသီးဟင်းရွက်များ၊ ကြက်သွန်ဖြူ၊ မုန်လာဥ စတဲ့ အင်တီအောက်ဆီးဒင်း မြင့်မားတဲ့ အစားအစာတွေ စားသုံးပေးဖို့ အကြံပြုထားပါတယ်။  ဦးနှောက်က ငါးနဲ့ အခွံမာအသီးတွေမှာတွေ့ရတဲ့ အိုမီဂါ-၃ အဆီအက်ဆစ်များကဲ့သို့ ကျန်းမားရေးနဲ့ ညီညွတ်တဲ့ အဆီများမှ အကျိုးကျေးဇူး ရရှိပါတယ်။

ဦးနှောက်ကို အလုပ်ပေးပါ

သင့်ဦးနှောက် ချွေးထွက်အောင် လုပ်ပါ။ ဆိုလိုတာက စဉ်းစား တွေးခေါ်ပါ။ Sudoku, crossword puzzle စတဲ့ ကစားနည်းများက မှတ်ဉာဏ်စွမ်းရည် ပြန်ရစေပါတယ်။ စစ်တုရင်၊ စာလုံးဆက်ကစားနည်း ကစားနိုင်တယ် သို့မဟုတ် ဘာသာစကားအသစ်တစ်ခု သင်ယူနိုင်ပါတယ်။ လမ်းကြောင်းသစ် ဖောက်လုပ်ကိုင်ဆောင်ရွက်ပါ ဒါမှမဟုတ် သွားကို ဆန့်ကျင်ဘက် မသန်တဲ့ ဘက်နဲ့ တိုက်ပါ။

ကောင်းမွန်စွာ အိပ်စက်ပါ

ကောင်းမွန်စွာ အိပ်ပျော်ခြင်းဖြင့် ဦးနှောက်စွမ်းရည် ပြန်လည်ရရှိစေတယ်။ မှတ်ဉာဏ်တွေ တစ်စုတစ်စည်းတည်းဖြစ်စေတယ်လို့ လက်ခံထားပါတယ်။ သိပ္ပံပညာရှင်များ အဆိုအရ အိပ်ရေးပျက်ခြင်းက မှတ်ဉာဏ်ဖိုင်သစ်တွေ ရောထွေး သို့မဟုတ် ပျောက်ကွယ်စေတယ်လို့ သိရပါတယ်။

အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ်

ဘဝမှာ ဖြစ်ပျက်ခဲ့တဲ့အရာတွေ ပြန်စမ်းစစ်ပြီး အမှတ်ရလိုတဲ့ အရာများကို အဖန်ဖန် ပြန်စဉ်းစားပါ။ ဒီအလေ့အကျင့်မှ ဦးနှောက်က အကျိုးအမြတ်ရရှိပြီး အိုမင်းရင့်ရော်မှု နှေးကွေးစေပါတယ်။ ဦးနှောက်အလုပ်ဆောင်ရွက်မှု ရိုးရိုးရှင်းရှင်း ဖြစ်ပါစေ။ တချိန်တည်း အလုပ်အများကြီး မလုပ်ခိုင်းပါနဲ့။ 

No comments