၁)အိမ်မှာ ပစ္စည်းများရှုပ်ပွနေခြင်း
စာအုပ်ပုံတွေ၊ကစားစရာအရုပ်တွေ၊မလျှော်ရသေးတဲ့အဝတ်တွေနဲ့ မဆေးရသေးတဲ့ ပန်းကန်တွေက စိတ်ရှုပ်စရာတွေဖြစ်နေပြီး ဖိစီးမှုများစေပါတယ်။
TVတွေ၊သီချင်းတွေကို ကျယ်လောင်စွာဖွင့်တဲ့အကျင့်က ကိ်ု်ယ့်ကို စိတ်ဖိစီးမှု ပေးနိုင်တဲ့အတွက် အဲ့ဒီ အကျင့်ကိုပြောင်းလဲပစ်လို်က်တာ အကောင်းဆုံးဖြစ်မှာပါ။
၃)အလွယ်တကူစားနိုင်တဲ့ အစားအသောက်များ
ဗီတာမင်နဲ့ သတ္တုဓာတ်ကြွယ်ဝတဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစာတွေက စိတ်ဖိစီးမှု သက်သာစေပေမဲ့ လွယ်လွယ်စားလို့ရတဲ့ အမြန်စာ တွေကတော့ စိတ်ဖိစီးမှု ပိုပြီးဖြစ်စေနို်င်ပါတယ်။
ဘဝရဲ့ စိတ်ဖိစီးမှု ၇၅%က ငွေကြေးအခြေအနေကြောင့် ဖြစ်တယ်လို့ဆိုပါတယ်။ဒါကြောင့် ငွေရှင်းပြေစာတွေကို လွှင့်ပစ်လို့မရဘူးဆိုရင်တောင် သီးသန့် သိမ်းဆည်းထားရင် ပိုကောင်းတယ်လို့ဆို်ပါတယ်။
ကို်ယ့်နဲ့ အတူနေတဲ့ အိမ်သားတွေနဲ့ အမြဲသဟဇာတဖြစ်နေဖို့ဆိုတာ မလွယ်ပါဘူး။ကလေးတွေကို ဒေါသထွက်တာ၊ဇနီး/ခင်ပွန်းနဲ့ ရန်ဖြစ်တာတွေက အဓိက စိတ်ဖိစီးမှုဖြစ်စေတဲ့အတွက် တစ်ယောက်တည်းနေတဲ့ ကို်ယ်ပို်င်အချိန် ရှိဖို့ ကြိုးစားသင့်ပါတယ်။
ကို်ယ့်ရဲ့ ပုံပန်းသွင်ပြင်ကို အမြဲမြင်နေရတာကလည်း စိတ်ဖိစီးမှုဖြစ်စေတဲ့လို့ ၅၀%သော သူတွေကဆိုကြပါတယ်။ ဒါကြောင့် အိမ်ရဲ့ နေရာတိုင်းမှာ မှန်တွေနဲ့ အလှဆင်တာကို ရှောင်ကြဉ်သင့်ပါတယ်။
၇)အိမ်ကို ရုံးအလုပ်တွေ ယူလုပ်တတ်တာ
အိမ်မှာ အလုပ်ယူလုပ်တတ်တာက မိသားစုဘဝကို မကောင်းကျိုးသက်ရောက်စေပြီး စိတ်ဖိစီးမှုအရမ်းများစေပါတယ်။
၈)မသိမ်းရသေးတဲ့ အိပ်ယာများ
ရှုပ်ပွနေတဲ့ အိပ်ယာတွေကို မြင်နေရတာက နေ့တစ်နေ့ရဲ့ အစမှာတင် စိတ်ရှုပ်ထွေးမှုကို ကြုံစေသလို ဖြစ်ပါတယ်။ဒါကြောင့် နိုးတာနဲ့ အိပ်ယာသိမ်းတဲ့အကျင့်က ညဘက်ပင်ပန်းလာတဲ့အခါ ပိုပြီး ကောင်းကောင်းမွန်မွန် အိပ်ပျော်စေနိုင်သလို နေ့ဘက်မှာလည််း စိ်တ်ရှုပ်ထွေးခြင်းကို လျော့ပါးစေပါတယ်။
Post a Comment