ကိုယ်ပိုင်လုပ်ငန်းတခု စတင်ဖို့


ကိုယ်ပိုင်လုပ်ငန်းတစ်ခုလုပ်ဖို့ သိပ်ခက်ခဲတယ်ဆိုပေမယ့် တကယ် အာသီသပြင်းပြရင် တကယ်အောင်မြင်နိုင်ပါတယ်။ ကိုယ့်ထူးကိုယ်ချွန် အောင်မြင်တဲ့လုပ်ငန်းတစ်ခု ဖြစ်လာဖို့အတွက် မသိမဖြစ်တဲ့အချက်တွေ ရှိပါတယ်။ လုပ်ငန်းလုပ်တော့မယ်စဉ်းစားရင် ဒါတွေကို သိပြီးပြီလား၊ ကျင့်သုံးနေပြီလားဆိုတာ ကိုယ့်ကိုယ်ကို အကဲဖြတ်နိုင်ဖို့ ဖော်ပြလိုက်ပါတယ်။
၁. ပေါင်းသင်းဆက်ဆံရေး ကောင်းပါ။ ရှင်းရှင်းလင်းလင်းပြောဆိုတတ်ပါစေ။ ဒါမှ ကိုယ့်ဖောက်သည်နဲ့ ကိုယ့်ဝန်ထမ်းတွေက ဆိုလိုရင်းကို နားလည်ပါလိမ့့်မယ်။
၂. ကိုယ်နဲ့ကိုက်ညီမယ့်လုပ်ငန်းကို ရှာတတ်ပါစေ။
၃. ကိုယ့်စီးပွားရေးစိတ်ကူးတွေ၊ မေးခွန်းတွေအားလုံးကို ချရေးပါ။
၄. အဆက်အသွယ်တွေနဲ့လွဲမသွားအောင် ဖုန်းကို အနားနားထားပါ။ ဖုန်းထဲမှာ အီးမေးလ်၊ ဘဏ်အကောင့် ဖွင့်လို့ရပါစေ။
၅. ကိုယ့်အဖွဲ့အစည်းဟာ စုစည်းကျစ်လျစ်ပါစေ။ အောင်မြင်တဲ့လုပ်ငန်းဖြစ်ဖို့ အစစအရာရာ စနစ်တကျ ရှိသင့်ပါတယ်။
၆. ဝင်ငွေ၊ ထွက်ငွေကို အမြဲပြုစုပါ။
၇. လုပ်ငန်းကို မားကက်တင်းလုပ်ဖို့လည်း စီစဉ်ပါ။ ဘယ်ကုန်ပစ္စည်း၊ ဝန်ဆောင်မှုမဆို လူများများသ်ိမှ အောင်မြင်မှာပါ။
၈. အလုပ်ကြိုးစားပါ။ ဘယ်အချိန်ရောက်ရောက် ဇွဲမလျှော့ပါနဲ့။
၉. မိသားစုနဲ့ မိတ်ဆွေတွေအတွက် အချိန်ပေးပါ။ ခက်ခဲတဲ့အချိန်မှာ သူတို့က အားဖြစ်စေပါတယ်။
၁၀. က်ိုယ်ပိုင်အချိန် ချန်ထားပါ။ ကျန်းမာရေးကို ငွေနဲ့လဲမပစ်ပါနဲ့။
၁၁. စီးပွားရေးကျင့်ဝတ်ထုံးစံတွေကို လိုက်နာပါ။ တစ်နပ်စားအကြံတွေက ကိုယ့်စီးပွားရေးတစ်ခုလုံးကို ပျက်သုန်းစေပါတယ်။
၁၂. ကိုယ်လုပ်နေတဲ့အလုပ်မှာ ပျော်ပါစေ။

No comments