အကောင်းမြင်တတ်ခြင်း(Positive Thinking)ဆိုတာ တကယ်တော့နားထောင်လို့ကောင်းတဲ့စကားစုတစ်ခုပဲမဟုတ်ပါဘူး။အကောင်းမြင်တတ်ခြင်းက သင့်ဘဝကိုအများကြီးပြောင်းလဲစေနိုင်ပါတယ်။သင့်ကိုပျော်ရွှင်စေပြီးဘဝကို နေတတ်ထိုင်တတ်သူတစ်ယောက်ဖြစ်အောင် ပြောင်းလဲနိုင်စွမ်းရှိပါတယ်။
ဘဝဆိုတာ ခက်ခဲကြမ်းတမ်းတာမို့ အမြဲတမ်းအကောင်းမြင်ဖို့ဆိုတာတော့ မဖြစ်နိုင်ဘူးလို့သင်ထင်ကောင်းထင်ပါလိမ့်မယ်။ ဒါပေမယ့်တကယ်တော့ ဖြစ်နိုင်ပါတယ်။ အကောင်းမြင်ခြင်းကသင့်ဘဝရဲ့ခက်ခဲကြမ်းတမ်းမှုတွေကို အများကြီးအထောက်အကူပြုနိုင်ပါတယ်။ အောက်မှာတော့အကောင်းမြင်ခြင်းကြောင့် ရရှိနိုင်မယ့် အကျိုးကျေးဇူး တွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) အကောင်းမြင်ခြင်းက စိတ်ဖိစီးမှုတွေကိုလျော့ကျစေတယ်။
ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာ စိတ်ဖိစီးမှုတွေမရှိပဲနဲ့နေဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် စိတ်ဖိစီးမှုတွေကိုအကောင်းမြင်ခြင်းက ကောင်းကောင်းလျော့ချပေးနိုင်ပါတယ်။ အကောင်းမြင်တဲ့ကိစ္စတော်တော်များများကအောင်အောင်မြင်မြင်ပြီးဆုံးတာကို သင်တွေ့ရပါလိမ့်မယ်။ သင်စိတ်ဖိစီးမှုတွေများလာတဲ့အခါ သင့်ကိုယ်သင််အကောင်းမြင်ဖို့သတိပေးပါ။ အကောင်းမြင်ခြင်းအားဖြင့် ခဏတာ သင့်ရဲ့စိတ်ဖိစီးမှုကလွတ်မြောက်ပြီးပြသနာကို မှန်မှန်ကန်ကန်ဖြေရှင်းနိုင်ပါလိ်မ့်မယ်။ အကျိုးဆက်အားဖြင့် သင့်ရဲ့စိတ်ဖိစီးမှုတွေပါလျော့ကျ သွားနိုင်ပါတယ်။
(၂) သင့်ရဲ့ blood pressure ကိုလျော့ကျစေတယ်။
သင့်မှာ blood pressure တွေအရမ်းတက်နေပြီး သင်ကလည်း အကောင်မြင်တတ်သူတစ်ယောက်မဟုတ်ရင်တော့သင်အကောင်းမြင်တတ်ဖို့ကြိုးစားသင့်ပါပြီ။ အဆိုးမြင်တတ်တဲ့သူတွေက အကောင်းမြင်တတ်တဲ့သူတွေထက် blood pressure ပိုမြင့်လေ့ရှိပါတယ်။ အဆိုးမြင်သူများမှာ စိတ်ဖိစီးမှုများ၊ စိုးရိမ်ကြောင့်ကြမှုများပိုမိုရှိခြင်းကြောင့် blood pressure ပိုမြင့်ရခြင်းဖြစ်ပါတယ်။
(၃) အကောင်းမြင်သူတွေက ကျန်းမာရေးပိုကောင်းလေ့ရှိတယ်။
အကောင်းမြင်တတ်သူတွေက တကယ်တော့ သူတို့ကိုသူတို့လည်း ပိုမိုဂရုစိုက်လေ့ရှိပါတယ်။ သူတို့ရဲဲ့ ကျန်းမာရေးကိုလည်း ဂရုစို်က်လေ့ရှိကြပါတယ်။ ကျန်းမာရေးကောင်းတဲ့အတွက် စိတ်ဖိစီးမှုတွေ၊ လောကဓံတရားတွေကိုတိုက်ခိုက်ရာမှာလည်း သူများတွေထက်ပိုပြီးခံနိုင်ရည်ရှိကြတာကိုတွေ့ရပါတယ်။
(၄) Positive Thinking ရှိခြင်းက အရွယ်တင်စေပါတယ်။
သုတေသနတွေအရ အကောင်းမြင်သူတွေဟာ အဆိုးမြင်သူတွေထက် ရုပ်ပိုနုပျိုကြပါတယ်တဲ့။ ကျန်းမာရေးရှုထောင့်အရလည်း အကောင်းမြင်ခြင်းက နုပျိုခြင်းကို အထောက်အကူပြုပါတယ်။ မြန်မာစကားပုံမှာလည်းရှိပါတယ်။ “စိတ်ပျိုတော့ ကိုယ်နု” တဲ့။ ဒါကြောင့်မို့ အကောင်းမြင်ပါ။ သင်အရွယ်တင်ပြီး နုပျိုမှာလက်ခက်မလွဲဲပါပဲ။
(၅) သင့့်ရဲ့နှလုံးသားနဲ့ဦးနှောက်ကျန်းမာရေး ဒေါင််ဒေါင်မြည်နေလိမ့်မယ်။
အကောင်းမြင်ခြင်းရဲ့အကောင်းဆုံးစွမ်းအားကတော့စိတ်ချမ်းသာတာပါပဲ။သုတေသနတွေအရလည်းအကောင်းမြင်တတ်သူတွေမှာ နှလုံးရောဂါဖြစ်တာနည်းလေ့ရှိပါတယ်တဲ့။ဒါကြောင့်မို့အခုအချိန်ကစပြီးအကောင်းမြင်ဖို့ကြိုးစားကြည့်တော့နော်။တကယ်လက်တွေ့ကျင့်သုံးကြည့်ရင် အကောင်းမြင်ခြင်းဟာ ဘဝအတွက် တကယ်အကျိုးပြုကြောင်း သိရှိရပါလိမ့်မယ်။ အကယ်၍ သင်အကောင်းမမြင်တတ်သေးရင် အခုကစပြီးလေ့ကျင့်သင့်ပါတယ်။
မိုးရှင်း (I.M.T)
Post a Comment