ဘရုစ်စ် စလီ (Bruce Lee) ပြောခဲ့တဲ့ မှတ်သားစရာစကားများ
"ကျွန်တော်ဟာ ကန်ချက် ၁၀၀၀ ကို တစ်ကြိမ်စီ လေ့ကျင့်ထားတဲ့သူကို မကြောက်ပါဘူး။ ဒါပေမယ့် ကန်ချက်တစ်မျိုးတည်းကို အကြိမ်တစ်ထောင်
လေ့ကျင့်ထားတဲ့သူကိုတော့ ကြောက်တယ်"
သင်ခန်းစာ- ဟိုနည်းနည်း ဒီနည်းနည်းသိပြီး ဘာမှမထိရောက်တာထက်စာရင် တစ်ခုတည်းကို သေချာနှံ့စပ်စွာ တတ်မြောက်တာကမှ
တကယ်လေးစားဖွယ်ကောင်းတာပါ။
"ပန်းတိုင်ထားတယ်ဆိုတာ ရောက်ကိုရောက်ရမယ်လို့ ဆိုလိုတာမဟုတ်ဘူး။ ပန်းတိုင်ထားတယ်ဆိုတာ တစ်နေရာကိုသွားဖို့ ဦးတည်ထားတဲ့သဘောပဲ"
သင်ခန်းစာ- အောင်မြင်မှုရဲ့ပန်းတိုင်ဆိုတာ ပြီးဆုံးသွားတယ်လို့ မရှိပါဘူး။ တစ်နေရာရောက်ရင် နောက်တစ်နေရာကို ထပ်သွားရဦးမှာပါ။
"သိရုံနဲ့ မလုံလောက်ဘူး။ အသုံးချရမယ်။ လုပ်ချင်စိတ်ရှိရုံနဲ့ မလုံလောက်ဘူး။ လုပ်ကိုလုပ်ရမယ်"
သင်ခန်းစာ- လေ့လာခြင်းရဲ့ ရည်ရွယ်ချက်က သိရုံပဲဆိုရင် မလုံလောက်နိုင်သေးပါဘူး။ သိထားတာကို အသုံးချနိုင်ပါမှ လေ့လာခြင်း အထမြောက်ပါမယ်။
လုပ်ချင်စိတ်၊ ကိုင်ချင်စိတ် ရှိရုံနဲ့လည်း အလုပ်မဖြစ်သေးပါဘူး။ လုပ်ချင်စိတ်ကို အရင်းခံပြီး လုပ်နိုင်ရင်တော့ ပိုမိုလွယ်ကူစွာ လုပ်ဆောင်နိုင်ပါလိမ့်မယ်။
"တစ်စုံတစ်ယောက်ကသာ မှားတယ်လို့ ဝန်ခံရဲရင် အဲဒီ့အမှားကလည်း ခွင့်လွှတ်ဖို့ထိုက်ပါတယ်"
သင်ခန်းစာ- အမှားကိုဝန်မခံဘဲနဲ့ ခွင့်လွှတ်တာခံဖို့ မရပါဘူး။ အမှန်ကိုပြင်နိုင်ဖို့လည်း မရပါဘူး။
"ရှုံးနိမ့်ခြင်းဆိုတာ စိတ်နဲ့ပဲ ဆိုင်ပါတယ်။ အရှုံးဖြစ်ပါတယ်လို့ လက်မခံသမျှတော့ ဘယ်သူမှ မရှုံးပါဘူး"
သင်ခန်းစာ- သင့်စိတ်ထဲကသာ ရှုံးပါတယ်လို့ လက်မခံမချင်း တစ်စုံတစ်ယောက်က သင့်ကို အနိုင်ယူလို့မရပါဘူး။
"ကိုယ့်ကိုယ်ကို အမှောင်ထဲမှာ လမ်းလျှောက်နေတယ်လို့ သတိမထားမိမချင်း သင်ဟာ အလင်းရောင်ကိုတွေ့ဖို့ ကြိုးစားမှာမဟုတ်ဘူး"
သင်ခန်းစာ- သင်အမှားတွေလုပ်နေတာကို မှားပါတယ်လို့ မသိမချင်းတော့ အမှန်ပြင်နိုင်ဖို့ သင်ကြိုးစားမှာမဟုတ်ပါဘူး။
"သာယာတဲ့ဘဝကို ရပါစေလို့ ဆုတောင်းရမှာ မဟုတ်ဘူး။ အခက်အခဲတိုင်းကို ကြံ့ကြံ့ခံနိုင်တဲ့ ဘဝကိုရဖို့ပဲ ဆုတောင်းရမှာ"
သင်ခန်းစာ- လူအတော်များများဟာ လွယ်ကူတဲ့ဘဝကိုလိုအပ်ပေမယ့် လက်တွေ့မှာတော့ ကြမ်းတမ်းမှုဆိုတာကို အနည်းနဲ့အများ ကြုံရတာပါပဲ။
ဒီတော့ သင် မျှော်လင့်သင့်တာ လွယ်ကူတဲ့ဘဝမဟုုတ်ပါဘူး။ ခက်ခဲမှုတွေကြုံတဲ့အခါ ရင်ဆိုင်ရမယ့် ခွန်အားတွေပါ။
(Focus Youth E-magazine)

Post a Comment